September 4th, 2014
၁။အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ CQHP မှ Site Inspection သွားရောက်စစ်ဆေးရာတွင် အချို့ Construction Site များမှာ CQHP မှလမ်းညွှန်ထားသော Detailing ပိုင်းများအား တိကျစွာလိုက်နာရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။
၂။ထို့ကြောင့်စီမံကိန်းများအနေဖြင့် CQHP မှလမ်းညွှန်ထားသော Detailing ပိုင်းများအားတိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့် အထူးသဖြင့် Ties and Stirrups Hook များအား 135* ကွေးရန်နှင့် Slab, Beam and Column များတွင် Concrete Cover မှန်ကန်စွာ ဆောင်ရွက်ရန်၊ Rebar များတပ်ဆင်ရာတွင် Position မှန်ကန်အောင်ဆောင်ရွက်ကြရန် အသိပေးလမ်းညွှန် အကြောင်းကြားပါသည်။
၃။Concrete Strength Test နှင့် Steel Strength Test များကိုလည်း သတ်မှတ်ချက်များ အတိုင်း ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း အကြောင်းကြားပါသည်။