ရည်ညွန်းချက်(၁)။ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၁.၁၂.၂၀၂၀)ရက်စွဲပါစာအမှတ် ၁၅/ဌာနခွဲ-၂ / HPBC / ၂၀၂၀ (စီ ၂၀၁၅) ။
(၂)။ HPBC ၏ (၆.၁.၂၀၂၁) ရက်စွဲပါစာအမှတ် ၊ ၀ – ၀၁၁ / HPCB / ၂၀၂၁ ။
(၃)။ HPBC ၏ (၁၂.၁.၂၀၂၂) ရက်စွဲပါစာအမှတ် ၊ ဝ-၀၁၄ / HPBC / ၂၀၂၂။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့် စပ်လျဉ်း၍ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရည်ညွန်းချက်(၁) ပါစာဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်မည့် (၁၂)ထပ်နှင့် (၁၂) ထပ် + Basement အဆောက်အဦများသည်လည်း အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၏ Design စစ်ဆေးမှုကို ခံယူရန်လိုအပ်ကြောင်း အကြောင်းကြားစာ ထွက်ရှိပြီးဖြစ်ပါသည်။
၂။ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင် အဖွဲ့အနေဖြင့်လည်း (၁၂.၁.၂၀၂၂) ရက်စွဲပါစာဖြင့်ဖော်ပြပါ အဆောက်အဦးများ အတွက် Design စစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ် ၊ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူးထံ အကြောင်းကြားခဲ့ပါသည်။
၃။ ယခုအခါ Covid-9 ကပ်ရောဂါ အခြေအနေနှင့် အခြားစီးပွားရေးကြပ်တည်းမှု အခြေအနေများကြောင့် Developer များအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည့် ကာလတွင် ဖော်ပြပါ အဆောက်အအုံများ၏ Design စစ်ဆေးခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ HPBC သို့ တရားဝင်အကြောင်းကြားစာပေးပို့သည့်နေ့မှစ၍ Working Day (၁၄)ရက်ဖြင့် ဆောလျင်စွာစစ်ဆေးထောက်ခံချက်ထုတ်ပေးရန် စီစဉ်ထားရှိပြီး ဖြစ်ပါသည်။
၄။ ထို့အပြင် (၂၅.၂.၂၀၂၀) ရက်နေ့တွင် ကျင်းပသော HPBC အမှုဆောင်ကော်မတီ အစည်းအဝေး အမှတ် (၂ / EC / HPBC / ၂၀၂၂ ) ဆုံးြုဖတ်ချက်အရ အထပ်မြင့်အဆောက်အဦးများ အတွက် ပုံမှန်စစ်ဆေးခဖြစ်သော တစ်စတုရန်းပေလျင် ကျပ် (၁၀၀)နှုန်းကောက်ခံမည့်အစား (၁၂)ထပ်နှင့် (၁၂)ထပ် + Basement အဆောက်အဦးများအတွက် စစ်ဆေးခကို တစ်စတုရန်းပေးလျင် ကျပ်(၈၀)နှုန်းဖြင့် ဆောင့်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအသိပေးအပ်ပါသည်။
ရည်ညွန်းချက် ။ ဆောင်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ နေပြည်တော်၏ (၁၆.၉.၂၀၁၈) ရက်စွဲပါ စာအမှတ်၊ ၁၅/ဌာနခွဲ-၃/၂၀၁၈ (စီ ၃၁၉၉)။
၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သတ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ နေပြည်တော်၏ ရည်ညွန်းချက်ပါစာအရ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့မှစ၍ အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ ( CQHP)သို့ စစ်ဆေးခံရန် တင်ပြလာသော စီမံကိန်းများ၏ Design စစ်ဆေးခကို တစ်စတုရန်းပေလျှင် ကျပ် ၁၀၀/ – (တစ်ရာကျပ်) နှုန်းဖြင့် ကောက်ခံမည်ဖြစ်ပါသည်။
၂။ (၈.၁၀.၂၀၁၈) ရက်နေ့မတိုင်မီ (CQHP) သို့ စစ်ဆေးခံရန်တင်ထားသည့် အဆောက်အအုံများ Register No ဝင်ပြီး စစ်ဆေးဆဲ အဆောက်အအံများ၏ Design စစ်ဆေးခကိုမှု ယခင်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံမည် ဖြစ်ပါသည်။