အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုနေသော Rebar အချို့၏ Test Result များမှာ Design Strength ပြည့်မီသော်လည်း Tensile Strength နှင့် Yield Strength အချိုးများ လျော့နည်းနေသည်ကို တွေ့ရှိရပါသည်။

၂။                (၁၆.၁၁.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော – The Ratio of Tensile Strength and Yield Strength of Rebar Case နှင့်ပတ်သက်သည့် Technical Discussion အစည်းအဝေး ဆုံးဖြတ်ချက်အရ  အောက်ပါအချက်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားပါသည်-

(က)    Rebar ၏ Tensile Strength နှင့် Yield Strength အချိုးသည် ACI 318 – 08 တွင် ဖော်ပြထားသည့်အတိုင်း အနည်းဆုံး 1.25 ပြည့်မီသော rebar များသာအသုံးပြုရန်။

( ခ )   Mill Test အရ ရှိနေသော Actual Yield Strength တန်ဖိုးသည် fy တန်ဖိုးထက် 18000 psi ပို၍ မကျော်လွန်သော rebar များသာ အသုံးပြုရန်။

( ဂ )   အသုံးပြုသော Reinforcement များ၏ Minimum Elongation များသည် ASTM A706,  A615 Specification များနှင့် ကိုက်ညီရန်။