July 10th, 2024
အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) သည် အထပ်မြင့်အဆောက်အအုံ စီမံကိန်းများတွင် Pile Foundation လုပ်ငန်: ၊ Deep Excavation လုပ်ငန်းများစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် HPBC ကိုယ်စား External Inspection Expert Team (EIET) အဖွဲ့များအနေဖြင့် Pile Foundation ၊ Deep Excavation စစ်ဆေးဆောင်ရွက်ခြင်း နှင့် final Inspection Report လုပ်ငန်းများစစ်ဆေးခြင်းတို့အတွက် PE (GEO) (သို့မဟုတ်) RSE (GEO) တစ်ဦးထားရှိရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ External Inspection Expert Team (EIET) အဖွဲ့များတွင် PE (GEO) (သို့မဟုတ်) RSE (GEO) တစ်ဦးထားရှိရန် အသိပေးအကြောင်းကြားအပ်ပါသည်။