July 5th, 2024
၁။ ယခုအခါ မိုးရာသီရောက်ရှိနေပြီဖြစ်၍ မိုးသည်းထန်ရွာခြင်း ၊ မုန်တိုင်းများကြုံရခြင်း များ ဖြစ်နိုင်ပါသည်။ လက်ရှိတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများတွင် –
(က) မြေကြီးလုပ်ငန်းများ ၊ မြေကာနံရံများ ၊ Piling လုပ်ငန်းနှင့် ကွန်ကရစ်လုပ်ငန်း ဆောင်ရွက် ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန် ။
(ခ) လေဒဏ်မိုးဒဏ်ခံနိုင်သည့် ယာယီငြမ်းအသုံးပြုရန် ၊ အထောက်အကူပြုငြမ်းများအား စစ်ဆေးရန် သတိပေးပါသည်။
(ဂ) Tower Crane များတပ်ဆင်အသုံးပြုရာတွင် HPBC မှ ထုတ်ပြန်ထားသော Tower Crane Safety Guideline အရလည်းကောင်း ၊ တည်ဆောက်ဆဲအဆောက်အဦနှင့် Tower Crane တို့သတ်မှတ်ချက်အတိုင်း ခိုင်ခံ့စွာ တွက်ဆက်ရန် လိုအပ်ပါကြောင်း သတိပေးအပ်ပါသည်။
၂။ လုပ်ငန်းခွင်အတွင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားပုံကို တင်ပြပေးပါရန် အကြောင်းကြားပါသည်။